Tuesday, January 28, 2014

Viber v4.2.0.1656 (January 23, 2014 ရက်နေ့နောက်ဆုံး အသစ်ထွက် Viber က အသံပိုကြည်တယ် ၊ မပြောချင်တဲ့ ဖုန်းနံပတ်တွေကို Block လုပ်ထားလို့ ရတယ်)


January 23, 2014 နေ့က Viber အသစ် Update လေး ထွက်လာလို့တင်ပေးလိုက်ပါတယ်။ အခု အသစ်ထွက် တဲ့ Viber ရဲ့ ထူးခြားချက်က မပြောချင်တဲ့ ဖုန်းနံပတ်တွေကို Block လုပ်ထားလို့ ရတယ်။ ဖုန်း Free Call ရင် အသံက အရင်ကထက် ကြည်လင်ပြတ်သားတယ်။ စာပို့ရင်လည်း stickers ပုံတွေ အရင်ကထက် ပိုစုံလာတယ်။
နောက်ပြီး  voice messages အသံ Message လည်း ပို့လို့ရပါတယ်။ လိုင်းမကောင်းတဲ့ အခါ တယောက်နဲ့တယောက် အသံချင်းပို့ပြီး စကားပြောလို့ အဆင်ပြေပါတယ်။ အရင် Version တွေ ထက်ပိုလန်းပါတယ်။ Andriod Version 2.2 အထက်တွေမှာ အားလုံး အဆင်ပြေပါတယ်။ စိတ်ဝင်စားသောသူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
Viber Block နည်းကို အောက်မှာပုံနှင့်တကွ ပြထားပါတယ်။ Setting, Privacy, Block List ထဲမှာ ကို Block ချင်တဲ့ နံပါတ်ရိုက်ထည့်ပြီး Block ရုံပါပဲ။ မရှင်းသေးရင် အောက်မှာ ပုံနှင့်တကွပြထားပါတယ်။ ၀င်ကြည့်လိုက်ပါ။



အားလုံးအဆင်ပြေပါစေ.......။

S4 Water Pool PRO v1.30 Apk

Cover art

မျက်စိအေးပြီး စိတ်ကြည်နုးဖွယ်ရာ Live Wallpaper အလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ပုံမှာမြင်ရ တဲ့အတိုင်းပါဘဲ ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ ရေထဲမှာ အလှမွေးငါးလေးတွေသက်ဝင်လှုပ်ရှားသွားလာနေတာ ကိုမြင်တွေ့ရမှာပါ။ ရုပ်ထွက်ကလည်းအတော်လေးကောင်းမွန်ပြီး ငါးလေးတွေကလည်း တော်တော်လှပါ တယ်။ နမူနာအနေနဲ့ အောက်မှာ Screen Shot လေးတွေကိုကြည့်နိုင်ပါတယ်။ Android OS 2.3 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

S4 Water Pool Live Wallpaper - screenshot

S4 Water Pool Live Wallpaper - screenshot

S4 Water Pool Live Wallpaper - screenshot

S4 Water Pool PRO - screenshot thumbnail

S4 Water Pool PRO - screenshot

S4 Water Pool PRO - screenshot

S4 Water Pool PRO - screenshot

S4 Water Pool PRO - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

ဖုန်းပေါ်မှာ ကားမောင်းနေတဲ့ - Racing Car -LIVE- Wallpaper v2.4 (For Android )

အခုတင်ပေးမယ့် Live Wallpaper လေးကတော့ တော်တော်လေးကို မိုက်ပါတယ်ဗျာ။ ပုံစံလေးက ဖုန်း Screen ပေါ်မှာ ကားတစ်စီး နဲ့ ဟက်စကီး သွားနေတဲ့ပုံစံမျိုးပါ။ ကားအမျိုးအစားကို မိမိစိတ်ကြိုက်ရွေးချယ်နိုင် သလို နောက်ခံ Background ကိုလည်း မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်ဗျာ။ ရုပ်ထွက်ကတော့ အတော်လေး ကိုကောင်းပါတယ်။ နမူနာအနေနဲ့ အောက်မှာ Screen Shoot ရိုက်ပြထားပါတယ်ဗျာ။ Live Wallpaper ပုံစံ ကတော့ အခြားဟာတွေနဲ့မတူဘဲ တမျိုးလေးပါ။ အခု Application လေးကိုတင်တဲ့သူ မတွေ့သေးလို့ တွေ့ တုန်းလေးယူထားကြပါနော်။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။



 
 

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

Download

Phone အတွက် Virus ကာကွယ်ဖို့ နဲ့ ပုံတွေ ဆော့ဝဲတွေ သော့ခတ်ဖို့  All in 1 apk




ဖုန်းထဲကို Virus ၀င်မှာစိုးရင် ၊ကိုယ့်ဖုန်းထဲက ပုံတွေ သူများအလွယ်မကြည့်

တင်ထားတဲ့ဆော့ဝဲတွေ သူများအလွယ် ဖွင့်မကြည့်စေဖို့ ၊ဖုန်းခေါ်တာတွေ

မက်ဆေ့ပို့ တာတွေမှာ ကိုယ်သဘောမကျတဲ့ လူတွေကို Block လုပ်နိုင်ဖို့ 

ဒီဆော့ဝဲသုံးပါ တစ်ခုထဲနဲ့ အစုံပါတယ် ။ Viber သုံးသူတွေလည်း သူများက

ကိုယ်ချက်ထားတာတွေ အလွယ်ဖတ်မရတော့ဘူး Gallery Lock ချမယ်ဆို

ပုံတွေ သူများ အလွယ်ကြည့်မရတော့ဘူး။ တခြား အသုံးဝင်တဲ့နည်းတွေ

အများကြီးပါသေးတယ် မသုံးဖြစ်သေးရင် အောက်ကလင့်မှာ ယူသုံးကြည့်


Download - AVG AntiVirus Security PRO3.3-.apk

Monday, January 6, 2014

မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား လျှို့ဝှက်ချက်များ





မိန်းကလေးတွေရဲ့ အာရုံစိုက်မှု၊ နှစ်သက်မှုကို ရယူချင်ကြတာ ယောက်ျားလေးတွေတိုင်းရဲ့ သဘာဝပါပဲ။ ကံမကောင်းစွာနဲ့ပဲ၊ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို ယောက်ျားလေး တော်တော် များများက ပြိုပျက်အောင် ဖြိုဖျက်လိုက်မိကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့ အချစ်ပေါ်မှာ ထားရှိတဲ့ စိတ်နေသဘာဝကို နားမလည်လို့ပဲ။ ဒါ့ကြောင့် အာရုံစိုက်မှု၊ နှစ်သက်မှုကို အပိုင်ရယူနိုင်ရမယ့် နေရာမှာ၊ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ဆိုသလို အမှားအယွင်းတွေ ဖြစ်ကုန်တော့တာပေါ့။

မိန်းကလေးတွေဟာ…………………

၂၆။ သူတို့ချစ်တဲ့သူ တစ်ယောက်ကိုမြင်တွေ့လိုက်တာနဲ့ မဖော်ပြနိုင်တဲ့ ပျော်ရွှင်မှုမျိုး ခံစားရတယ်။

၂၇။ ချစ်သူရှိတဲ့ မိန်းကလေးရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ လင်းလက်တောက်ပမှုတွေ ရှိတယ်။

၂၈။ ဟာသဉာဏ်ရွှင်တဲ့ ယောက်ျားလေးတွေကို ကြိုက်တယ်။

၂၉။ ကိုယ်စွမ်းကိုယ်စ၊ ပင်ကိုယ်အရည်အချင်း မရှိတဲ့ ယောက်ျားတွေကို မကြိုက်ဘူး။

၃၀။ လမ်းခွဲကြတဲ့အခါ ယောက်ျားလေးတွေထက် ပိုပြီးခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းရတယ်။

၃၁။ ဂီတသမားတွေကို စိတ်ဝင်စားလေ့ရှိကြတယ်။

၃၂။ အတင်းအဖျင်း ပြောရတာလည်း ကြိုက်တယ်ဟေ့။

၃၃။ သူတို့ချစ်ရသူ စိတ်ကျေနပ်ဖို့ဆို ဘာပဲလုပ်ရ လုပ်ရ။

၃၄။ သူတို့ ချစ်ရသူ တောင်းဆိုလာတာတွေကို အတိုက်အခံ လုပ်နိုင်စွမ်းမရှိဘူး။

၃၅။ Boxer တိုတိုပဲ ၀တ်ထားတဲ့ ယောက်ျားလေးတွေကို တချို့မိန်းကလေးတွေက စွဲဆောင်မှုရှိတယ်လို့ မြင်ကြတယ်။

၃၆။ ချစ်စရာမကောင်းပဲ ချစ်စရာကောင်းပါတယ်လို့ အထင်ခံရတာမျိုး မကြိုက်ဘူး။

၃၇။ ရူးကြောင်ကြောင် အလွဲတွေ လုပ်မိတဲ့ ယောက်ျားလေးကို ချစ်စရာကောင်းတယ်လို့ ယူဆတယ်။ ဒါပေမဲ့ အချိန်တိုင်းတော့ မဟုတ်ပါဘူး။

၃၈။ ဖွံ့ဖြိုးပြောင်းလဲလာတယ်လို့ မြင်မိရင်၊ အဲ့တာဟာ သူတို့ရဲ့ ချစ်တတ်တဲ့စိတ်တွေဟာလည်း ဖွံ့ဖြိုးပြောင်းလဲလာပြီလို့ ဆိုလိုတာပဲ။

၃၉။ စိတ်ဆိုးနေပြီဆိုရင် တကယ်နာကျင် ရတယ်လို့ ဆိုလိုတာပဲ။

၄၀။ သူတို့ရဲ့ စိတ်ကူးထဲက ယောက်ျားလေးတစ်ယောက် (မင်းသား၊ အဆိုတော်) ပုံစံ ဖမ်းတာမျိုး မကြိုက်ဘူး။

၄၁။ သင်ဖြစ်နေတဲ့ ပုံစံ(ကျောင်းသား၊ လခစား၊ သူဋ္ဌေးသား) အတိုင်းပဲ သင့်ကို ချစ်နိုင်တယ်။

၄၂။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အကြောင်း ယောက်ျားလေးတွေကပြောရင် ရှက်ချင်ယောင်ဆောင် တတ်တယ်။ ဒါမှမဟုတ် ရွံရှာတဲ့ ဟန်လုပ်လိမ့်မယ်။

၄၃။ ချစ်သူလိုလဲချစ်ပါတယ်။ အကို၊မောင် လိုလဲချစ်ပါတယ်။

၄၄။ ညီမလေးတစ်ယောက်လို ဖေးမကူညီပေးတာကို နှစ်ခြိုက်ကြတယ်။

၄၅။ သင့်ကို ချစ်စရာကောင်းတယ် လို့ပြောရင်၊ သင်ထင်တာ ဘာမှမဟုတ်ဘူး။ လျှောက်မတွေးနဲ့။

၄၆။ သူတို့သိတဲ့ ယောကျာ်းလေးတစ်ယောက်ယောက်ရဲ့ အရေးမလုပ် အဖတ်မလုပ်တာ ခံရရင် တကယ်နာကျင်ကြတယ်။

၄၇။ ယောကျာ်းလေး တစ်ယောက်ရဲ့ လက်မောင်းပေါ်မှာ လုံခြုံနေချင်တယ်။ ဒါပေမဲ့ အသက်ရှူတော့ မကျပ်ချင်ကြဘူး။

၄၈။ သင့်ကို စမ်းသပ်ဖို့အတွက် မူ’ လိမ့်မယ်။

၄၉။ လမ်းမှာ စကားလိုက်ပြောတာကို အယုံအကြည်မရှိဘူး။ ဒါပေမဲ့ ကြားတော့ကြားချင်ကြတယ်။

၅၀။ မိန်းကလေးတစ်ယောက် ငိုပြီဆို၊ သူ့ရဲ့ နောက်စရိုက်တစ်မျိုးကို တွေ့ရပြီသာမှတ်။