Monday, December 30, 2013
ဖိုတိုရှော့ လေ့ကျင့်ခန်း(သင်ခန်းစာ) စာအုပ်
ဒီပုံလေး အတိုင်း ကလိချင်သူများ အတွက် ပြုလုပ်နည်း စာအုပ်လေးပါပဲ
ကြိုက်နှစ်သက်မယ် လို့  မျှော်လင့်ပါတယ် ဆရာကြီးတွေ တော့ကျော်ခွသွားပေါ့နော်
အဆင်ပြေကြပါစေနော်...
ဒေါင်းရန် .. ဒီမှာ ဆိုတာ ကို နှိပ်ပြီးဝင်ရောက်ဒေါင်းယူနိုင်ပါတယ်နော်
လက်ကွက်ကျင့် ရန်အတွက်
ဒီဆော့ဝဲလ်ကတော့ လက်ကွက်ကျင့် လို သူအတွက်
နောက်ပြီး ဂိမ်းအနေလဲ သုံးလို့ ရသေးတယ် စမ်းကြည့် ကြပေါ့ ဗျာ
အဆင်ပြေမယ်လို့ ထင်ပါတယ်
 ဆိုတဲ့ စာသားလေး ကို နှိပ်ပြီးဒေါင်းလိုက်ပါ
HAPPY NEW YEAR 2014
မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေ ဒီဆိုဒ်လေးကို လာရောက်လည်ပတ်ကြည့်ရှုကြကုန်သော မိတ်ဆွေအပေါင်း
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့နိုင်ပါစေ ဒီနှစ်လိုပဲ နောင်နှစ်ကိုလဲ အောင်မြင်ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀ ကို ဖြတ်သန်း လျှောက်လှမ်းနိုင်ပါစေ ဗျာ နှစ်သစ်လက်ဆောင် ဘာပေးရမှန်း မသိတာနဲ့
ရှာဖွေပြီး တင်ပေးလိုက်တယ် ကွန်ပြူတာ WALL PAPER HD လေးတွေကို ဆန္ဒရှိရင် ဒေါင်းယူအသုံးပြုနိုင်ပါသည်
ဒေါင်းရန် ... ဒီမှာ ဆိုတာ ကို နှိပ်ပြီးဝင်ရောက်ဒေါင်းယူပါ  ကျေးဇူးတင်ပါသည်
MRTV-4 apk
နေ့စဉ် MRTV-4 အစီအစဉ်ကို အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုနိုင်ရန် ထုတ်လွှင့်လျှက်ရှိနေပါပြီ ။
မိုဘိုင်းဖုန်းက
ကြည့်ချင်သူများအတွက် လွယ်လွယ်ကူကူဝင်ရောက်နိုင်ရန်နှင့် ပေါ့ပါးစွာမထစ်ပဲ
ကြည့်နိုင်ရန်အတွက် Apk လေး လုပ်လိုက်ခြင်းပဲဖြစ်ပါတယ် ။
အဝေးရောက် ရွှေညီကို အမများအတွက် အဆင်ပြေစေတာပေါ့ :)
လိုချင်သူများ အောက်တွင်ဒေါင်းယူပါ....
Apk လေးကို အင်စတောလုပ်ပြီးသည့်အခါ ဖွင့်လိုက်ပါ
မြှားပြထားသောနေရာကိုနှိပ်လိုက်ပါ
မိမိဖုန်းထဲက Player ဖြင့် ပွင့်လာပါမယ် ။
ဒေါင်းရန်.. ဒီမှာ
Smadav 2013 Rev.9.4.1
Virus သတ်ရာမှာ အတော်လေး အသုံးများလာတဲ့ကောင်လေးပေါ့ဗျာ။ အတော်များများကတော့ သိနေကြပြီ
ကြော်ငြာအားကောင်းတာကိုးဗျ။ ကျုပ်လည်း နှစ်ခါလောက်ရှိပြီလေ တင်ပေးတာ ကြော်ငြာပေးတာပေါ့။ ကဲ
ခုတော့ အသစ်လေးပါ ဟိုတစ်နေ့ကတည်းက ရတာပါ။ ခုမှ တင်ပေးဖြစ်တာလေ။ ကဲဗျာ သူကတော့ floder
Hide တဲ့ ကောင်လေးတွေရော အခြားသော Virus တွေကိုပါ သတ်ပေးပါတယ်။ အသုံးပြုလိုရင်တော့ သုံးကြ
ပေါ့ဗျာ။ ကျုပ်တော့ ထည့်သွင်း အသုံးပြုထားတယ်အဆင်ပြေကြပါစေ...
DOWNLOAD SOLIDFILES  OR  DOWNLOAD DROPBOX   OR  DOWNLOAD DE-HOST
myanmar lottery
ဖုန်ထဲမှာသုံးဖို့ နှစ်တစ်ရာcalender
ဘရာဇီးကျောင်းသူအပျိုစင်ဘ၀ ပန်းဦးဆွတ်ခွင့်လေလံတင်ရောင်းချပွဲမှာ ဂျပန်နိုင်ငံသား လေလံအောင်
 သြစတေးလျ လူမျိုး ရုပ်ရှင် ဒါရိုက်တာ Justin Sisely
 Film makers Justin Sisely , director on a national search for virgins for a documentary Picture: Stephen Cooper Source: Herald Sun 
Source Photo from www.google.com/images
ပန်းဦးဆွတ်ခွင့် လေလံတင်ရောင်းချပွဲမှာ
ဂျပန်နိုင်ငံသား လလံအောင်
 အသက် ၂၀ အရွယ် ဘရာဇီးကျောင်းသူအပျိုစင်ဘ၀ ပန်းဦးဆွတ်ခွင့် လေလံတင်ရောင်းချပွဲမှာ ဂျပန်နိုင်ငံ က Ronald Densetsu (Natsu ) အမည်ရ အမျိုးသားက အမေရိကန်ဒေါ်လာ ၇၈၀, ၀၀၀ နဲ့ ရယူသွား ပြီဖြစ်ပါတယ်။ ဘရာဇီး ကျောင်းသူ မစ္စ Catarina Migliorini က သူ့အပျိုစင်မိန်းမသားဘ၀ကို အင်တာနက်အွန်လိုင်းစနစ်နဲ့ လေလံ
တင်ရောင်းချခဲ့တာပါ။
သြစတေးလျ လူမျိုး ရုပ်ရှင် ဒါရိုက်တာ Justin Sisely ရဲ့ “Virgins Wanted” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားရဲ့ အစိပ်
အပိုင်းအနေနဲ့ Catarina Migliorini ရဲ့အပျိုစင်ပန်းဦးဆွတ်ခွင့်ကို ဈေးပြိုင်တင်ခဲ့တာမှာ ဈေးပြိုင်ပေးခဲ့တာ ၁၅ ခု
တောင် ရှိတယ်လို့ ဆိုပါတယ်။
အသက် ၂၀အရွယ် သူ့အပျိုစင်ဘ၀ကို ၀ယ်ယူခဲ့သူ ဂျပန်အမျိုးသားကို သူ့အနေနဲ့ အမေရိကားနဲ့ သြစတေးလျ ခရီး
စဉ်မှာ လေယာဉ်ပေါ်မှာ ပေးဆပ်မှာဖြစ်ပါတယ်။
အဲဒီလို ပေးစပ်မှုမပြုမီနဲ့ ပေးဆပ်အပြီးကိုလည်း အင်တာဗျူးပေးမှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ ပန်းဦးပျော်မွေ့မှုကိုတော့ ရုပ်ရှင်ရိုက်ကူးမှာ မဟုတ်ပါဘူး။ အခု လလံနိုင်သွားသူ ဂျပန်အမျိုးသား
ဟာ အမေရိကန်က Jack Miller နဲ့ Jack Right တို့ရဲ့ ဈေးပြိုင်ပေးမှုကိုလည်း ကျော်လွှားနိုင်ခဲ့သလို ဈေးပြိုင် အမြင့်
ဆုံးပေးခဲ့တယ်ဆိုတဲ့ အိန္ဒိယ က Rudra Chatterjee ကိုလည်း ကျော်လွှားပြီးပေးနိုင်လို့ အခုလို လေလံအောင်ပွဲ ဆင်ခဲ့တာဖြစ်ပါတယ်။
ဆင်းရဲတဲ့ မိသားစုတွေအတွက် အိမ်တွေဆောက်ပေးဖို့ ငွေကိုအသုံးပြုမှာဖြစ်တယ်လို့ မစ္စ Catarina က ပြောတာကို
The Australian News ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့သတင်းတခုမှာ ဖော်ပြထားပါတယ်။
“ကျမ ဒါကို စီးပွားရေးလုပ်ငန်းတခုလို မြင်ခဲ့မိတယ်။
ရှင်တို့ဘ၀မှာ ဒါမျိုး တကြိမ်ပဲလုပ်လို့ရမယ့်ဟာဆိုရင် ရှင်တို့လည်း ပြည့်တန်ဆာတဦး ဘယ်ဖြစ်သွားမလဲ။ အံ့သြဖွယ်ဓာတ်ပုံလေးတပုံလောက် ရှင် ရိုက်လိုက်ရုံနဲ့ ရှင်က တကယ့်ဓာတ်ပုံဆရာတဦး ဖြစ်သွားတာမှမဟုတ်ပဲ” လို့ မစ္စ Catarina က ပြောပါတယ်။
သူက ရုပ်ရှင်ရိုက်ကူးရန် အပျိုစင်များရှာဖွေနေတဲ့ကြော်ငြာတခုကို သတိထားမိတဲ့အချိန်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက် က သူဟာ အငြင်းပွားဖွယ်စီမံကိန်းတခုကို လက်မှတ်ရေးထိုးခဲ့တာပါပဲတဲ့။
ဒီရုပ်ရှင်မှာ ပါဝင်ခွင့်ရဖို့အတွက် လေလံဈေးပြိုင်အောင်လို့ ရမယ့်ပမာဏထဲက ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်
ဒေါ်လာ ၂၀၀၀၀ ရမှာပါ။
လေလံဈေးခေါ်တဲ့ ကြော်ငြာတွေ ပိုလုပ်လာရင်း လူသိများလာတော့ လေလံဈေးတွေလည်း အပြိုင်ပေးခဲ့ကြရင်း အခုလို ဒေါ်လာ ၈ သိန်းနီးပါးထိ ဖြစ်လာခဲ့တာပါပဲ။
“ကျမနှလုံးသားမှာ ချစ်ခြင်းမေတ္တာတရားအပေါ်လည်း ယုံကြည်တဲ့ အချစ်အပေါ်စိတ်ကူးယဉ်တတ်တဲ့မိန်းကလေး
ပါ။
ဒါပေမယ့် ဒါဟာ ကျမ အခုလက်တွေ့နယ်ပယ်မှာ လုပ်လိုက်တာနဲ့ တကယ့်ကို ကြီးမားတဲ့ကွာခြားမှုကြီးဖြစ်တယ်ဆို တာပါပဲ” လို့ မစ္စ Catarina က ဆိုပါတယ်။
ဘရာဇီး ကျောင်းသူလေး မစ္စ Catarina က သူရတဲ့ ငွေထဲကနေ မိသားစုအတွက် အိမ်သစ်တလုံး ၀ယ်ပေး ဖို့လည်း ရှိပါတယ်။