Friday, July 19, 2013

Internet Speed ကို ဆွဲယူသုံးစွဲမယ့် Internet Speed Hack v6.1


Zoe Lay: Internet Speed Hack V 6.1 အကိုညိလေး ကို အဲဒိ softwareလေး ကူညိပါဗျာ နော် အကို..

Internet Speed Hack v6.1 ဟာ ကိုယ်နဲ့ Network Group တစ်ခုအတွင်းမှာရှိတဲ့ Connection Speed ကို ဆွဲယူသုံးစွဲဖို့ ဆောင်ရွက်ပေးပါတယ်.. Wifi Group ဆို ပိုကောင်းတာပေါ့ဗျာ.. ဒီကောင်နဲ့သုံးလိုက်တာနဲ့ အခြားလူတွေ Speed ကျသွားပြီး ကိုယ်တစ်ယောက်တည်း အတွက်ပဲ တက်လာမှာဖြစ်ပါတယ်.. ကွန်ပျူတာမှာ .Net Framework 4.0 နှင့်အထက် လိုအပ်မှာဖြစ်ပါတယ်..
အသုံးပြုတာကတော့ ဒီကောင်ကို Run လိုက်ပါ..
ပြီးရင် ပေါ်လာတဲ့ဘောက်ထဲက Internet Speed ခေါင်းစဉ်အောက်မှာ အမြင့်ဆုံး speed ကိုရွေးလိုက်ပြီး Patch ကိုနှိပ်လိုက်ပါ.. ဒါဆို Loading လုပ်နေတဲ့ဘောက်တက်လာမှာဖြစ်ပါတယ်.. ခဏစောင့်ပြီး OK ပေးလိုက်ပါ.. ပွင့်နေတဲ့ ဘောက်ကို မပိတ်ရဘူးနှော်.. ပိတ်လိုက်ရင် ရပ်သွားမှာဖြစ်ပါတယ်..

အဆင်ပြေပါစေ..



Thursday, July 18, 2013

HUAWEI Y310-5000 ROOT And Touch Error ရှင်းနည်း

HUAWEI Y310-5000 ကို Root နည်းနှင့် Root ပြီး Touch Error ဖြစ်သူများအတွက်
ဖြေရှင်းနည်းလေးပါ တင်ဆက်ပေးလိုက်ပါတယ်....
အရင်ဆုံး လိုအပ်တာလေးတွေ ဒေါင်းလိုက်ရအောင်နော်...
Y310 Root PAC
http://www.mediafire.com/?1q0nstehdi9ldaw

Y310 Touch Error
http://www.mediafire.com/?bmzbbos8z86099r

Y310 Driver
http://www.mediafire.com/?kcm4y5kfd5ju548

Research download
http://www.mediafire.com/?poyzq55ag12t32r


Research download ဖိုင်အား ဖြေလိုက်ပါ ပြီးလျင်
၎င်းဖိုင်ထဲမှ Bin ထဲသို့ ၀င်ပါ။
ResearchDownload.exe အား ကလစ်နှိပ်ပြီး Run ပေးလိုက်ပါ ထို့နောက် အောက်ပါပုံစံအတိုင်း ပေါ်လာပါမည်။



စက်သွားပုံစံလေးအား နှိပ်ကာ Y310-Root.pac ဖိုင်အား သွားရွေးပါ ပြီးလျင်
မျှားလေးအား နှိပ်ထားလိုက်ပါ။

ယခုဆိုလျင် ဖုန်းအား ပါဝါပိတ်ပါ ပြီးနောက် Vol Down Key အား နှိပ်၍ ကွန်ပြုတာဖြင့် ချိတ်ဆက်ပေးလိုက်ပါ သူ့အလိုလို Root သွားပါလိမ့်မယ်။


အထပ်ပါ အတိုင်း အားလုံး Passed ဖြစ်သွားခဲ့ပြီဆိုရင်တော့ Super User ပေါ်လာပြီး
လိုအပ်သလို ပြုလုပ်နိုင်ပါပြီ။

မှတ်ချက် ( Touch Error ဖြေရှင်းရန် ၄င်း နည်းလမ်းအတိုင်း နောက်တစ်ခေါက် Y310_Stock Touch error.pac အား ရွေးကာ ထပ်မံပြုလုပ်ပေးပါ အဆင်ပြေသွားပါလိမ့်မယ်..)

Y210-2010 (Y210C) CDMA 800MHz Mectel Internet Setting ချိန်နည်း

2.3.6 မှာဆိုပထမဆုံး Setting>Wireless & netword ထဲက Mobile Network ထဲကို ၀င်ပါ
4.0.4 နဲ့ အထက်မှာဆိုရင် Setting>More>Mobile Network ထဲကို ၀င်ပါ
ပြီးရင် Access Point Name ထဲကို ၀င်ပါ
ပြီးရင် Menu Key ကို နှိပ်ပါ
ပြီးရင် CTNET ထဲကို ၀င်ပါ
အဲ့ဒီထဲမှာ
  • (၁) Name-Mectel

  • (၂) APN  -#777

  • (၃) Username - cdma@c800.mm

  • (၄) Password - cdma
ဒါပဲရိုက်ပါပြီးရင် Menu Key ကိုနှိပ်ပြီး Save ကိုနှိပ်လိုက်ပါ ပြီးရင် Internet ပွင့်ပြီး
3G တက်ပါပြီဗျာ......

Sunday, July 14, 2013

အရမ်းလန်းတဲ့ Crazy Home Launcher.apk

ကဲဘော်ဘော်တို့ရေ မလန်းဘူးလား အပေါ်မှာမြင်တဲ့အတိုင်းပဲ ကိုယ့်ဖုန်းထဲက application တွေကို စိတ်ကြိုက် မြန်မာစာလေးတွေနဲ့ ရေးပြီးပြောင်းထားလို့ရတယ်ဗျာ . . . လန်းတယ်မလား ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ လိုချင်ရင် အာမနာတမ်းဒေါင်းသွားဗျာ . . .

အဲ ဒါနဲ့ ပြောင်းနည်းလေးပါ တစ်ခါတည်းပြောလိုက်မယ်နော် တော်ကြာမပြောင်းတတ်ရင် ဒုက္ခ ဟဲဟဲ . . .

အရင်ဆုံး ကိုယ့်ဖုန်းထဲမှာ အင်စတောလုပ်လိုက်ပါ...ပြီးရင် Home Button ကိုနှိပ်လိုက်ပါ။ အဲဒီမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး တစ်ချို့ကလည်း Launcher တွေအများကြီးတင်ထားမယ်လေ. အဲဒီတော့ ကျွန်တော်တို့က Crazy Home Launcher လေးကိုရွေးဖွင့်လိုက် ပြီးရင် application ထဲကိုဝင်လိုက်ပါ။ 

 

  1. Menu Key (မျဉ်းသုံးကြောင်းပုံစံ)လေးကိုနှိပ်ပါ။

  2. Crazy Menu ကိုရွေး

  3. Appearance ကိုရွေး

  4. Icon Configurator ကိုရွေး

ဒါဆိုရင်တော့ application list နဲ့အတူ အောက်မှာ Save and Done လေးပေါ်နေပါမယ် . . .

စပြောင်းမယ်ဗျာ... ဘော်ဒါတို့ ပြောင်းချင်တဲ့ application ပေါ်ကို နှိပ်လိုက် ဒီလိုလေးပေါ်လာမယ်

  1. Change Icon

  2. Edit Text

  3. Hide Icon

ကျွန်တော်တို့က စာပြောင်းမယ်ဆိုတော့ နံပါတ်မှာ(၂)ကိုရွေးလိုက် . . . အိုကေသွားပြီးဗျာ ပြောင်းချင်တဲ့စာသားသာပြောင်းပေတော့ ဟူး.......မောလိုက်တာဗျာ

အဆင်ပြေရင် အော်သွားဦးနော် . . .

Facebook အသုံးပြုနည်းစာအုပ်

Page မှာ လာတောင်းထားလို့

တင်ပေးလိုက်ပါတယ်

Facebook ကို စနစ်တကျနဲ့ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မယ့် နည်းလမ်းပေါင်းစုံကို အသေးစိပ်ရေးသားထားတဲ့ စာအုပ်လေးပါ ...

Facebook အကောင့်ကို စတင်အသုံးပြုပုံကအစ အကောင့်ရဲ့ လုံခြုံရေး Facebook ရဲ့ Group တွေ တည်ဆောက်ပုံ Fan Page တွေ တည်ဆောက်ပုံ .. စတဲ့ အဆင့်မြင့် အသုံးပြုနည်းတွေကိုပါ အသေးစိပ်ရေးသားထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါတယ်

ကီးကီး မှာ တင်ပေးထားတာကို ဒေါင်းယူပြီး ပြန်လည် Upload တင်ပြီး မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ..

လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါနော်

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်